မန္တလေးမြို့တွင် အနုကြမ်းစီးမှုဖြစ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်၊ လမ်း ၄၀၊ ၆၃ လမ်း နဲ့ ၆၄ လမ်းကြားရှိ နေအိမ်တစ်ခုမှာ ဇူလိုင်လ ၂၄ ရက် နေ့လယ် ၂ နာရီလောက်က အနုကြမ်းစီးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီနေအိမ်ကို အမည်မသိ လူ ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ရောက်လာကာ အိမ်ရှင်ဆီကနေ ဓားထောက် လုယက်ဖို့ ကြိုးစားခဲ့ပြီး အိမ်ရှင်ရဲ့ ဇနီးဖြစ်သူက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် လုယက်သူတွေဟာ အိမ်ရှင်ရဲ့ ဝမ်းဗိုက်ကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့ကာ ငွေနဲ့ပစ္စည်းတစ်စုံတစ်ရာ မပါသွားဘဲ လုယက်သူတွေထဲက ၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။

ဓားနဲ့ အထိုးခံရတဲ့ အိမ်ရှင်ကိုတော့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ တင်ပို့ထားပါတယ်။

More News
Up