Thursday, June 8, 2023
HomeLead Storyမြဝတီဘဏ်အနီး ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘို PDF အဖွဲ့ ကြေညာ

မြဝတီဘဏ်အနီး ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘို PDF အဖွဲ့ ကြေညာ

စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့တဲ့ ရွှေဘိုမြို့ မြဝတီဘဏ်အနီး ဗုံးခွဲတိုက်ခိုက်မှုကို  ရွှေဘို PDF က ပြုလုပ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မြဝတီဘဏ်အနီးမှာ ဇူလိုင် ၂၃ ရက်နေ့ မနက် ၆ နာရီလောက် ဗုံးပေါက်ကွဲပြီး ဘဏ်လုံခြုံရေး စစ်သားနှစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာတနိုင်ငံလုံးရှိ ပြည်သူအပေါင်းကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်နေတာကြောင့် အကြမ်းဖက်စစ်ကောင်စီပိုင် မြဝတီဘဏ်အနီး လုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လူသတ်၊ ဓားပြတိုက်နေပြီး မြို့ရွာနဲ့ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်တဲ့အထိ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က NUG၊ EAOs၊ UG အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုမှာ လုံခြုံရေးစစ်သားနှစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုတစ်ဦးတစ်ယောက်မျှ ထိခိုက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular