Home
မြန်မာသတင်း
ကနီမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ် ၄ လုံး မီးလောင်
DVB
·
July 24, 2021
222351242_2885281615120076_7555457656844085807_n
221463924_2885281685120069_6060564192463009995_n
219971129_2885281645120073_2177236316676703082_n
218310535_1428625760856573_2513050502432631028_n

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်တွင်း စစ်ကောင်စီတပ်ရဲ့ အမြန်ယာဉ်ပေါ်ကနေ ခန္တီးမြို့ ကျေးရွာတွေထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် လူနေအိမ် ၄ လုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၃ ရက်နေ့က ကနီမြို့နယ် ချင်းတွင်းမြစ်ဘေး ရွာပေါင်း ၁၁ ရွာလောက်ကို စစ်ကောင်စီတပ်က အမြန်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ယင်းယိမ်ရွာက လူနေအိမ် ၂ လုံး၊ သစ်ခက်ရွာက လူနေအိမ် ၁ လုံး၊ စဖိုကြီးရွာက လူနေအိမ်  ၁ လုံး လက်နက်ကြီးထိမှန် မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024