Home
သတင်းတို
ပြည်ပသုံး ဘွဲ့လက်မှတ် ထောက်ခံချက် ရန်ကုန်တွင် လုပ်ပေးမည်
DVB
·
December 5, 2013
မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပမှာ အသုံးပြုမယ့် ဘွဲ့လက်မှတ်၊ အောင်လက်မှတ်၊ အိမ်ထောင်စုစာရင်း၊ လက်ထပ်စာချုပ်၊ ယာဉ်မောင်းလိုင်စင်နဲ့ ကျမ်းကျိန်လွှာအပါအ၀င် စာရွက်စာတမ်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်ဆင့်ထောက်ခံချက်ပေးတဲ့ လုပ်ငန်းကို နဂိုက နေပြည်တော်မှာပဲ လုပ်ပေးနေရာကနေ ဒီဇင်ဘာ ၉ ရက်နေ့ကစပြီး ရန်ကုန်မှာ လုပ်ပေးတော့မယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာပါတယ်။ fဒီမတိုင်ခင်တုန်းကတော့ နိုင်ငံခြားထွက်မယ့်သူတွေဟာ ဘွဲ့လက်မှတ်အပါအ၀င် စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး အစိုးရ အသိအမှတ်ပြု နိုတြီပဗ္ဗလစ် ရှေ့နေက ဘာသာပြန်ပေးတာကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ခံချက်ပေးဖို့ နေပြည်တော်အထိ တကူးတက သွားကြရပါတယ်။ ဒီအတွက် ခရီးစရိတ်၊ နေပြည်တော်မှာ သွားလာရေးစရိတ်နဲ့ ၁ ရက်တည်း မပြီးပါက ညအိပ်တည်းခိုခ စသဖြင့် ငွေ ကျပ် အနည်းဆုံး ၂ သောင်းလောက် ကုန်ရတဲ့အပြင် အချိန်လည်း ကုန်ကြောင်း ကိုယ်တိုင်သွားလုပ်ခဲ့ဖူးသူတွေက ပြောပြကြပါတယ်။ အစိုးရရဲ့ ဒီအစီအစဉ်ကြောင့် ရန်ကုန်ကနေ နေပြည်တော်သွား ထောက်ခံချက်လုပ် မယ့်သူတွေအနေနဲ့ အများကြီး အဆင်ပြေသွားစေမယ်လို့ ပြောပြကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024