DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်ကို စစ်တပ်က စီးနင်းပြီး ထောင်ရှိလက်နက်များ သိမ်းဆည်းထား
DVB
·
July 23, 2021
အင်းစိန်ထောင်ကို စစ်တပ်က စီးနင်းပြီး ထောင်ရှိလက်နက်များ သိမ်းဆည်းထား
Donate to DVB

အင်းစိန်အကျဉ်းထောင်ကို အကြမ်းဖက် စစ်တပ်က စီးနင်းထားပြီး ထောင်တွင်းမှာ ရှိတဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇူလိုင် ၂၃ ရက် မနက် ၈ နာရီလောက်က အင်းစိန်အကျဉ်းထောင်တွင်းမှ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ပတ်သက်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးကာ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့  အင်းစိန်သီးသန့်ထောင် အမျိုးသမီးဆောင်က စတင်ကာ ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့တာလို့ အေအေပီပီက ဆိုပါတယ်။

အဆိုပါဆန္ဒပြမှုမှာ အကျဉ်းထောင်တခုလုံး ပူးပေါင်းပါဝင်ကာ အကျဉ်းဦးစီးဌာန ဝန်ထမ်းတချို့လည်း ပါဝင်ခဲ့ကြပြီး လက်ရှိမှာတော့ အကျဉ်းထောင်အတွင်းကို စစ်ကားတွေ ဝင်ရောက်လာကာ ထောင်ကို စီးနင်းခဲ့သလို ထောင်တွင်းက လက်နက်တွေ အားလုံးကိုလည်း သိမ်းဆည်းခဲ့တယ်လို့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတချို့က အတည် ပြုပြောဆိုခဲ့တယ်လို့ အေအေပီပီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇူလိုင်လ ၂၂ နေ့က တခြားသောပြစ်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အချုပ်သား ၁၀၀၀ ကျော်ကို အင်းစိန်ထောင်က လွှတ်ပေးဖို့ စီစဉ်နေပြီး အသုတ်လိုက်ခွဲကာ လွှတ်ပေးနေကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောဆိုခဲ့ပြီး‌နောက်မှာ ခုလို ဆန္ဒပြမှု ဖြစ်ပွားခဲ့တာပါ။

တချိန်တည်းမှာပဲ အင်းစိန်ထောင်အတွင်း စစ်အာဏာရှင် ကျဆုံးရေး တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ သူရဲကောင်းတွေနဲ့အတူ ရပ်တည်ကြောင်း ရန်ကုန်မြို့က လူငယ်အချို့ ဆန္ဒထုတ်ဖော်ကြတာတွေ၊ မြို့နယ်တချို့မှာ သံပုံးတီးဆန့်ကျင်မှုတွေ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

အေအေပီပီအနေနဲ့ ဒီကနေ့ဖြစ်ပွားခဲ့တဲ့ အင်းစိန်ထောင်တွင်း ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး အကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်တွေနဲ့ စစ်အုပ်စုက ပြင်းပြင်းထန်ထန် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှာကို များစွာစိုးရိမ်မိကြောင်းနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့လည်း မတရားဖမ်းဆီးထိန်းသိမ်းခံအကျဉ်းသားတွေ အသက်ရှင်သန်ခွင့်နဲ့ အမြန်ဆုံးလွှတ်ပေးရေးတို့အတွက် အာဏာသိမ်းစစ်အုပ်စုကို ဖိအားပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထား ရသူအားလုံးအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အာဏာပိုင်တွေကို ရန်ကုန်ရှိ နိုင်ငံခြားသံရုံးတွေကလည်း ဒီကနေ့   ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လနီးပါးအကြာ အာဏာသိမ်း စစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၃၁ ယောက်ထိ ရှိ လာခဲ့ပြီး ၆၈၇၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၃၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013