Monday, May 29, 2023
HomeLead Storyရေဦးမြို့တွင် ‘လိုလျှင်ယူ ပိုလျှင်လှူ ပြည်သူမှ ပြည်သူသို့ကူ’ အစီအစဉ်စတင်

ရေဦးမြို့တွင် ‘လိုလျှင်ယူ ပိုလျှင်လှူ ပြည်သူမှ ပြည်သူသို့ကူ’ အစီအစဉ်စတင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုများပြားလာပြီး လွန်ခဲ့တဲ့ တပတ်ခန့်လောက်က စတင်ကာ ဈေးဆိုင်တွေလုံးဝပိတ်ထားတာကြောင့် အစားအသောက်အခက်အခဲ ဖြေရှင်းပေးနိုင်ဖို့ ကျေးရွာတွေက စုပေါင်းပြီး ‘လိုလျှင်ယူ ပိုလျှင်လှူ ပြည်သူမှ ပြည်သူသို့ကူ’  အစီအစဉ် စတင်နေတယ်လို့ သိရပါတယ်။

လတ်တလော ဆီဆုံရွာ၊ တပ်သစ် (တ) ရွာ၊ တပ်သစ် (မ) ရွာ၊ ရွာဗုကြီး၊ မုံတိုင်ပင်၊ ပင်စိမ်းကင်း၊ အင်ပင်၊ ကြိုထိန်း၊ ပိဋကတ်ကျ စတဲ့ ကျေးရွာတွေက ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ခဝဲသီး၊ သခွားသီး၊ ရုံးပတီသီ၊ ငရုတ်သီးစိမ်း၊ သခွတ်ပွင့်ခြောက်၊ ပဲတောင့်ရှည်၊ ပင်စိမ်းရွက်၊ ပူစီနံရွက်၊ ချဉ်ပေါင်ရွက်၊ ငှက်ပျောဖူးချဉ် စတဲ့ ဒေသထွက်ကုန်တွေနဲ့ ဆန်ဆီ တို့ကို မြို့ပေါ်မှာ သွားရောက်လှူနေကြတာပါ။

အကျိုးဆောင်တစ်ဦးက “ရွာတွေက လာလှူကြတာများတယ်။ အဲဒါကို ကျနော်တို့က စနစ်တကျ ဖြစ်အောင် ကားနဲ့လှည့်လည်ပြီး အိမ်ပေါက်ရှေ့ရောက် လိုအပ်ရင် ထွက်ယူကြဖို့ ပေးရတာ။ လူစုလူဝေးမဖြစ်အောင်လဲ တအိမ်ပြီးမှ တအိမ်ယူခိုင်းတာ” လို့ ပြောပါတယ်။

ရေဦးမြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ  ဇူလိုင် ၂၂ ရက်နေ့အထိ အတည်ပြုလူနာပေါင်း ၂၅၂ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၅၀ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိပြီလို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular