Home
မြန်မာသတင်း
စစ်ကောင်စီတပ်များနှင့် ထောက်ပံ့နေသူများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ပခုက္ကူ PDF ပြော
DVB
·
July 22, 2021

အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ ထောက်ပံ့နေသူတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

PPDF အဖွဲ့အနေနဲ့ အာဏာလုဖက်ဆစ် စစ်ကောင်စီတပ်အပါအဝင် သူတို့ရဲ့မိတ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းပေးဒလန်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီကို အားပေးအားမြှောက်ထောက်ပံ့နေသူတွေအား ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ပခုက္ကူမြိုပေါ်နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့ မြေပေါ်၊  မြေအောက် အဖွဲ့အစည်းအသီးသီးတို့နဲ့လည်း မိတ်ဘက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပခုက္ကူမြို့နဲ့ အနီးတဝိုက်ရှိပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေနဲ့ အပေါင်းအပါတွေကို  တွန်းလှန်တိုက်ခိုက်ရာမှာ PPDF နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pakokku People Defense Force-PPDF)ကို ပခုက္ကူမြို့နယ်အတွင်းက အင်အားစုတွေစုစည်းပြီး မေလ ၁၂ ရက်မှာ ဖွဲ့စည်းထားခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024