Sunday, June 11, 2023
HomeLead Storyရေစကြို CDM ဝန်ထမ်း ၁ ဦး နေအိမ်ကို စစ်ကောင်စီတပ်ကဝင်မွှေပြီး ပစ္စည်းများဖျက်ဆီး

ရေစကြို CDM ဝန်ထမ်း ၁ ဦး နေအိမ်ကို စစ်ကောင်စီတပ်ကဝင်မွှေပြီး ပစ္စည်းများဖျက်ဆီး

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့မှာ ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းက CDM ဝန်ထမ်းတစ်ယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်မွှေပြီး နေအိမ်က ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့အမှတ် (၇) ရပ်ကွက်က CDM ပြုလုပ်နေတဲ့ မြို့နယ်ပညာရေးမှူးရုံးက ပညာရေးဝန်ထမ်း ဦးချစ်မောင်ရဲ့နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုတွေ ကားနှစ်စီးနဲ့ ရောက်လာပြီး ဦးချစ်မောင်ကို မတွေ့တာကြောင့် နေအိမ်ထဲက ပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရေစကြိုမြို့နယ်ထဲမှာ NLD ပါတီဝင်တွေ၊ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြ သပိတ်ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကိုလည်း မကြာခဏ ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေကို ဖျက်ဆီးတာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular