Home
မြန်မာသတင်း
ရေဦးမြို့ ကြာပန်းအဝိုင်းတွင် ဗုံးပေါက်ကွဲ၊ ရဲ ၂ ဦး အပြင်းအထန်ဒဏ်ရာရ
DVB
·
July 19, 2021
219342157_1171800499963001_9047513365552422326_n

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မြို့ပြင်က ကြာပန်းအဝိုင်းမှာ ဇူလိုင်လ ၁၉ ရက် မနက် ၉ နာရီခွဲ လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲ  ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကြာပန်းဝိုင်းအနီးမှာ ပြီးခဲ့တဲ့ဇူလိုင်လ ၇ ရက် ညပိုင်းက ကင်လှည့်ရဲကား မိုင်းခွဲ ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ ကျဆုံးခဲ့သူ ပြည်သူတစ်ဦးအတွက် ဒီနေ့အာဇာနည်နေ့ အထိမ်းအမှတ် ပန်းခွေချထားတာကို ရဲတွေက သွားရောက်ရှင်းလင်းကြရာမှ ဗုံးပေါက်ကွဲခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဒုရဲအုပ် တစ်ဦးက လက်၊ မျက်နှာနဲ့ ခါးအောက်ပိုင်း ဒဏ်ရာရတွေရရှိလို့ တပ်မတော်ဆေးရုံကို ပို့ဆောင်ထားပြီး နောက်ရဲတဦး‌ကတော့ မျက်လုံး၊ မေးစေ့ နဲ့ နားနောက်တို့မှာ ဒဏ်ရာရရှိပြီး ရေဦးဆေးရုံမှာ ကုသနေပေးနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024