ပုသိမ်မြို့တွင် ကိုဗစ်ကြောင့် နေအိမ်များ၌ သေဆုံးမှုနှုန်း ပိုများလာ
DVBပုသိမ်မြို့တွင် ဇူလိုင် ၁၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် နေအိမ်တွေမှာ သေဆုံးသူ ၅၀ အပါအဝင် လူနာ ၇၄ ဦး စံချိန်တင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလှိုင် ၁၈ ရက်နေ့က ကိုဗစ်ကြောင့် နေအိမ်တွေမှာ အယောက် ၅၀၊ ပုသိမ်ဆေးရုံကြီးမှာ ၁၂ ဦးနဲ့ မဆရ-၄ တောင်ပေါ်ဆေးရုံက ၃ ဦး သေဆုံးခဲ့တာလို့ မနောဖြူလူမှုကူညီရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး "နေအိမ်တွေမှာ သေတာ မြင့်တက်လာတာ ကျန်းမာရေး စောင့်ရှောက်မှုမရကြလို့၊ အခုအထိ တိတိကျကျ မလုပ်ဆောင်နိုင်ဘူး၊။ ဆေးရုံမှာ ဆေးဝါး အောက်ဆီဂျင် နေရာ အခက်အခဲဖြစ်နေတယ်။ တရက်ထပ်တရက်ပို သေနှုန်းမြင့်လာတာ စိုးရိမ်စရာ အရမ်းကောင်းလာတယ်။ ဒုတိယလှိုင်းမှာ အကောင်းဆုံးထိန်းချုပ်နိုင်အောင် စီမံခဲ့တယ်။ အခုက အရည်အချင်းမရှိဘဲ ဦးဆောင်သူတွေကြောင့် ကျနော်တို့မြို့အထိနာတာ” ပြောပါတယ်။
ပုသိမ်မြို့မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဇူလိုင် ၁၈ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၄၀၀ ကျော်ရှိလာပြီလို့ သိရပါတယ်။