Wednesday, May 31, 2023
HomeCOVID19ဖေ့စ်ဘွတ်ခ်ဟာ သတင်းမှားများဖြင့် လူသတ်နေဟု အမေရိကန်သမ္မတ ဝေဖန်

ဖေ့စ်ဘွတ်ခ်ဟာ သတင်းမှားများဖြင့် လူသတ်နေဟု အမေရိကန်သမ္မတ ဝေဖန်

ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေက လူတွေကို သတ်နေတာလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က  ဇူလိုင် ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သတင်းအချက် အလက်အမှားတွေကို သူ့ရဲ့ ပလက်ဖောင်းပေါ် တင်ခွင့်ပြုတဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကို ဆက်လက် ဝေဖန်ခဲ့ပြီးနောက်မှာပြောကြားလိုက်တာပါ။ 

သတင်းထောက်တွေက သတင်းမှားတွေအကြောင်းနဲ့ ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်မီဒီယာ တွေမှာ ဘာသတင်းစကားပါးမလဲလို့ မေးမြန်းတဲ့အခါ  ဘိုင်ဒန်က “သူတို့ဟာ လူတွေကို သတ်နေတာ။ ကြည့်လိုက်ပါ။ တို့ဆီမှာရှိတဲ့ကပ်ဘေးက ကာကွယ်ဆေး မထိုးထားတဲ့ သူတွေ ကြားမှာပဲ ဖြစ်နေတာ”လို့ သတင်းထောက်တွေကို ပြောလိုက်တာပါ။

အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ရေးအရာရှိ ဂျန်ဆာကီကလည်း ဖေ့စ်ဘွတ်ခ်  ကုမ္ပဏီကို မနေ့က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ခဲ့ပါသေးတယ်။ 

“သိသာနေတာကတော့ သူတို့ လုပ်ဆောင်ထားပြီးသားအဆင့်တွေ ရှိပါတယ်။ သူတို့ဟာ ပုဂ္ဂလိက ကုမ္ပဏီတခုပါ။ သူတို့မှာ နောက်ထပ်လုပ်နိုင်တာတွေလည်း ရှိပါတယ်။ နောက်ထပ် လုပ်ရမှာတွေ အများကြီးရှိနေတယ်ဆိုတာ ရှင်းပါတယ်”။

သမ္မတရဲ့  ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဘက်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမ ရှိသေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular