Sunday, May 28, 2023
HomeLead Storyငါးသိုင်းချောင်းမြို့တွင် အန်အယ်လ်ဒီ ရပ်ကျေးတာဝန်ရှိသူ ၁ ဦးအပါအဝင် ၄ ဦးဖမ်းဆီးခံရ

ငါးသိုင်းချောင်းမြို့တွင် အန်အယ်လ်ဒီ ရပ်ကျေးတာဝန်ရှိသူ ၁ ဦးအပါအဝင် ၄ ဦးဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ ဇူလိုင်လ ၁၆ ရက် ညပိုင်းက အန်အယ်လ်ဒီပါတီရဲ့ ရပ်ကျေးအဆင့်တာဝန်ရှိသူ ဦးဝင်းဇော်အပါအဝင် အမျိုးသား ၄ ဦးကို  စစ်အုပ်စုက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားပါတယ်။ 

မြို့သစ်ရပ်ကွက်နဲ့ အရှေ့တောင်ရပ်ကွက်က အန်အယ်လ်ဒီပါတီမှာ တာဝန်ယူခဲ့သူတွေနဲ့ ဒေသခံအမျိုးသားတွေကို ည ၇ နာရီခွဲလောက်မှာ  စစ်အုပ်စုက အင်အား ၂၀ လောက်နဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။

“ဘာမှ ယူချိန်မရလိုက်ဘူး၊ လာဖမ်းတော့ အင်အားအပြည့်နဲ့လာဝိုင်းတာ အကုန်လွတ်အောင်ထွက်ပြေးရတာ၊ ဘာလို့ဖမ်းတာလဲဆိုတာမသိရဘူး။ ဘာမှမပြောပဲဝင်လာတာ အိမ်ထဲမွှေနှောက်ရှာဖွေတာတွေလုပ်သွားတယ်”လို့  ဖမ်းဆီးခံရသူတို့နဲ့နီးစပ်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

နေအိမ်တွေမှာဝင်ရောက်ဖမ်းဆီးခံလိုက်ရတဲ့ ရပ်ကျေးအဆင့် အန်အယ်လ်ဒီ ပါတီရဲ့ တာဝန်ရှိသူတွေအပါဝင် အမျိုးသား ၄ ဦးကို ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

ငါးသိုင်းချောင်းမြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အယောက်  ၅၀ ကျော်ထိရှိလာပြီလို့ သိရပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular