အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပ
DVB
·
December 3, 2013
ဒီဇင်ဘာ ၃ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို နေပြည်တော်ရှိ သင်္ဂဇာဟိုတယ်မှာ ဒီနေ့ မနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အရပ်ဘက် အဖွဲ့အစည်း၊ မသန်စွမ်းအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
မော်လမြိုင်နဲ့ ပုသိမ်မြို့မှာလည်း မသန်စွမ်းသူများနေ့ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
(ဓာတ်ပုံ - ရွှေမင်းသား၊ မသန်စွမ်းသူတဦး)[gallery ids="47561,47562,47563,47564,47565"]