AGD ဘဏ် စတော့အိပ်ချိန်းထဲ ၀င်ရန် ဒိုင်ဝါနှင့် လက်မှတ်ထိုး
DVB
·
December 3, 2013
မြန်မာနိုင်ငံမှာ စတော့အိပ်ချိန်း ဈေးကွက်တွေ ပေါ်ပေါက်လာတဲ့အခါ အဆင်သင့် ဈေးကွက်ထဲ ၀င်နိုင်အောင် အာရှစိမ်းလမ်းဖွံ့ဖြိုးရေးဘဏ် (အေဂျီဒီ)နဲ့ ဂျပန် ဒိုင်ဝါကုမ္ပဏီတို့ သဘောတူစာချုပ် လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ ရန်ကုန် ကန်တော်ကြီးဟိုတယ်မှာ လုပ်တဲ့ လက်မှတ်ရေးထိုးပွဲမှာ အေဂျီဒီဘဏ်ရဲ့ ဥက္ကဋ္ဌ ဦးသန်းရီက သူတို့ဘဏ်ဟာ ဘဏ်ခွဲ ၂၉ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၀၀ ရှိကြောင်း လာမယ့်အချိန် စတော့အိပ်ချိန်းဝင် ကုမ္ပဏီဖြစ်မှ လူတွေ ပိုပြီး ယုံကြည်ကြမှာမို့ ခုလို သဘောတူစာချုပ် ချုပ်ဆိုရတာဖြစ်တယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံအခြေစိုက် ဒိုင်ဝါကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်း ၁၉၉၆ ခုနှစ်ကတည်းက ၀င်ရောက်လာပြီး ရန်ကုန် စတော့အိပ်ချိန်း လုပ်ငန်းထူထောင်ဖို့ အစိုးရဆီက ခွင့်ပြုချက်ရ ထားပါတယ်။
လာမယ့် ၂၀၁၅ မှာ စတော့အိပ်ချိန်း လုပ်ငန်းတွေ စတင်နိုင်မယ်လို့ ရည်မှန်းထားကြောင်း
သိရပါတယ်။