Home
မြန်မာသတင်း
မော်ကျွန်းမြို့နယ် လျှပ်စစ်ရုံးအနီး ဗုံး ၂ လုံးပေါက်ကွဲ
DVB
·
July 12, 2021
212534286_1141606716323670_3230325662696752646_n

ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ် လျှပ်စစ်ရုံးအနီးမှာ ဇူလိုင် ၁၁ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ည ၉ နာရီကျော်လောက်မှာ ဗုံး ၂ လုံး ဆင့်ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက "အသံက ၂ ခါကြားရတာ ရှေ့ဆင့်နောက်ဆင့်ပေါက်တာ။ ဒါပေမယ့် လူထွက်တဲ့ အချိန်မဟုတ်တော့ ထိခိုက်တာမျိုးမရှိဘူး။ စစ်---တွေ လုပ်တာနေမှာ၊ ကျနော်တို့မြို့မှာ PDF မရှိသေးဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ လျှပ်စစ်ရုံးအနားကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ရောက်ရှိနေပြီး ပတ်ဝန်းကျင်ကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မော်ကျွန်းမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ် PDF မရှိပေမယ့် စစ်ကောင်စီက ပြည်သူ့စစ်တွေကို ရပ်ကွက်အလိုက် အနည်းဆုံး ၁၀ ယောက်နှုန်းနဲ့ ဖွဲ့စည်းပေးထားတယ်လို့ သိရပါတယ်။

မော်ကျွန်းမြို့မှာ ဇွန်လကုန်ပိုင်းက စတင်ကာ ဒီနေ့အထိ ဗုံးပေါက်ကွဲမှု ၃ ကြိမ်ထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024