Friday, June 9, 2023
HomeLead Storyကျေးသီးနှင့် မိုင်းကိုင်က စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်

ကျေးသီးနှင့် မိုင်းကိုင်က စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်

ရှမ်ပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေ့လုံကျေးရွာအုပ်စုမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူ ၇၀၀ ကျော်တွက် စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပါတယ်။

သူတို့တွေဟာ ကျေးသီးမြို့နယ် လွိုင်ဟွမ်းတောင်ကြောမှာ  SSPP/SSA တပ်ဖွဲ့နဲ့ RCSS/SSA ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြား လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုကကနေ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေဟာ အခုလက်ရှိ မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်းက ဘုန်းကြီးကျောင်းတွေနဲ့ မိုင်းခွန်ကျေးရွာအုပ်စု၊ စက်တော်ရာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပြီး စုစုပေါင်း ၇၄၁ ဦးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးသီးမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာလည်း စစ်ဘေးရှောင် ၂၅၀၀ ကျော် ခိုလှုံနေရပါတယ်။

ကျေးသီးမြို့နယ်၊ လွိုင်ဟွမ်းတောင်ကျောမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာ တစ်ကျော်ကြာပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular