Sunday, May 28, 2023
HomeLead Storyကျိုက်ထို စရဖရုံးအနီး ဗုံးပေါက်ကွဲ

ကျိုက်ထို စရဖရုံးအနီး ဗုံးပေါက်ကွဲ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့  စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးအနီးမှာ ဇူလိုင် ၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ပြီးနောက် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံးထဲကနေ သေနတ် ၅ ချက် ထက် မနည်း ရမ်းသတ် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံးအနီးတဝိုက်ကို စစ်တပ်နဲ့ရဲက လုံခြုံရေးတင်းကျပ်ထားပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူ ရှိ မရှိ မသိရသေးပါဘူး။ 

ကျိုက်ထိုမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဗုံးပေါက်ကွဲမှုနဲ့ သေနတ်ပစ်ခတ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular