Sunday, June 11, 2023
HomeCOVID19နေမကောင်းသဖြင့် လွိုင်ကော်ဆေးရုံပို့စဉ် သေဆုံးသွားသည့်အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့

နေမကောင်းသဖြင့် လွိုင်ကော်ဆေးရုံပို့စဉ် သေဆုံးသွားသည့်အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဇူလိုင် ၆ ရက်နေ့ညက နေမကောင်းလို့ ဆေးရုံပို့စဉ် သေဆုံးသွားတဲ့ အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိရတယ်လို့ ရွှေလွိုင်ကော် လူမှုကူညီရေးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ 

ဒီကနေ့ သူ့ရဲ့ Dead Body ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ Positive  တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါအမျိုးသားဟာ လွိုင်ကော်မြို့ သိရိမင်္ဂလာဈေး (တောင်ဈေး) ရှေ့ နေအိမ်မှာ နေထိုင်တာလို့ သိရပါတယ်။ 

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၇ ရက်နေ့အထိ  ကိုဗစ် – ၁၉ ပိုးတွေ့လူနာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး ဆေးကုသမှုခံယူနေကြောင်း  လွိုင်ကော်ပြည်သူ့ဆေးရုံရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular