စစ်ကိုင်းမြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့မရဲစခန်းတို့ကနေ ရဲအရာရှိ နဲ့ ရဲတပ်သား စုစုပေါင်း ၆ ဦးထက် မနည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့မှာ ဇူလိုင် ၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးရာ ၂၂ ဦးပိုးတွေ့ပြီး အဲဒီ ၂၂ ဦးထဲမှာ ရဲအရာရှိနဲ့ ရဲတပ်သားတို့ ပါဝင်ခဲ့ပါတယ်။
အချုပ်သား တစ်ယောက်ဆီကနေ ပိုးစတွေ့ခဲ့ရာကနေ ရဲတွေမှာ ပိုးတွေ့ခဲ့တာလို့ စစ်ကိုင်းမြို့က ကိုဗစ်-၁၉ သံသယလူနာစောင့်ကြည့်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းမှာ ဇွန် ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်အထိ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၉၇ ဦးရှိပြီး သေဆုံးသူ ၃ ဦး၊ ဆေးရုံဆင်းရသူ ၃၂ ဦးရှိတယ်လို့ သိရပါတယ်။