ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအနီး ရန်ကုန်-ပြည်ရထားလမ်း ဗုံးခွဲဖျက်ဆီးခံရ
DVB
·
July 6, 2021
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအကျော် မုဌောရွာအနီး ရန်ကုန်-ပြည် ရထားလမ်းမှာ ဇူလိုင် ၅ ရက်နေ့ ညနေ ၆ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက "စစ်ကား ၃ စီးရောက်လာပြီး သေနတ်တွေ ပစ်ဖောက်ပြီး ခြောက်လှန့်ထားတယ်။ ရန်ကုန်ကတက်လာတဲ့ စာပို့ရထားလည်း ရပ်ထားရတယ်" လို့ ပြောပါတယ်။
မပေါက်သေးတဲ့ ဗုံး ၁ လုံးလည်း ထပ်မံတွေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။