အစိုးရအိမ်တော်ကို ၀င်ရောက်ဖို့ကြိုးစားတဲ့ ဆန္ဒပြသမားတွေကို ရဲက နှိမ်နင်း

Photo by Reuters
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူနေသူတွေဟာ ဒီဇင်ဘာလ ၁ ရက် တနင်္ဂနွေနေ့မှာ အစိုးရအိမ်တော်ကို ၀င်စီးဖို့ ကြိုးစားခဲ့တာကြောင့် အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့ပါတယ်။ [caption id="attachment_47371" align="alignleft" width="300"]Photo by Reuters Photo by Reuters[/caption] ၀န်ကြီးချုပ်ရုံးထိုင်ရာ အစိုးရအိမ်တော်ရဲ့ ၀င်ပေါက်တွေမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေ ၀င်ဖို့ ကြိုးစားနေခဲ့ကြတာ ဖြစ်ပါတယ်။ မနက်ပိုင်းတုန်းက ၀န်ကြီးချုပ် ရင်းလပ်ရှင်နာဝပ်ထရာ နေခဲ့တဲ့ အဆောက်အဦဟာလည်း ဆန္ဒပြသူတွေ ၀ိုင်းတာ ခံလိုက်ရပါတယ်။ ဒါပေမယ့် ၀န်ကြီးချုပ်ကတော့ အန္တရာယ်ကင်းကင်းနဲ့ ရှောင်ထွက်သွား နိုင်ခဲ့ပါတယ်။ တခြားဆန္ဒပြသမားအုပ်စုတွေက ထိုင်းရုပ်မြင်သံကြားဌာနတခုဖြစ်တဲ့ တီပီဘီအက်စ် (TPBS)ရုံးကို ချီတက် သွားကြပြီး ရုပ်မြင်သံကြားဌာနရဲ့ အစိတ်အပိုင်းတချို့ကို သိမ်းထားလိုက်ပါပြီ။ ဆန္ဒပြသမားတွေက အဲဒီရုပ်မြင်သံကြားကနေ သူတို့ရဲ့ ဆန္ဒပြပွဲတွေကို ထုတ်လွှင့်ပေး စေချင်တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေက သူတို့အနေနဲ့ အကြမ်းဖက်မှုတွေကို ရှောင်ရှားပြီး ဆန္ဒပြပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆက်လုပ်သွားချင်တယ်လို့ ပြောပါတယ်။ သူတို့တွေဟာ ဒီနေ့မှာ အစိုးရအိမ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ အလုပ်သမား ၀န်ကြီးဌာနတွေကို အဓိကထား သိမ်းဖို့ စီစဉ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မနေ့က နိုဝင်ဘာ ၂၉ ရက်နေ့ကတည်းက အစိုးရရုံးတွေမှာ လုံခြုံရေးတွေ တင်းကျပ်ထားသလို ထောင်နဲ့ချီတဲ့ အစိုးရကို ထောက်ခံသူ ရှပ်နီဘက်တော်သားတွေကလည်း ဘန်ကောက်မြို့ရဲ့ အကြီးဆုံး ရာဇမင်္ဂလာ အားကစားကွင်းထဲမှာ လာရောက်စုဝေး နေခဲ့ကြပါတယ်။ အဲဒီညပိုင်းမှာတော့ အားကစားကွင်း အပြင်ဘက်မှာ အစိုးရကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူ ရှပ်နီဘက်တော်သားတွေကြား ပဋိပက္ခ ဖြစ်ခဲ့လို့ အနည်းဆုံးလူ ၂ ယောက် သေပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ၀န်ကြီးချုပ် ရင်းလပ်ရှင်နာဝပ်ထရာရဲ့ အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ ဆန္ဒပြနေကြတဲ့ အစိုးရ ဆန့်ကျင်သူတွေရဲ့ ခေါင်းဆောင် အတိုက်အခံ ဆူသက် (Suthep)က ဆန္ဒပြပွဲတွေကို အရှိန်မြှင့်ဖို့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ အစိုးရအဆောက်အဦတွေကို ၀င်သိမ်းဖို့ နိုဝင်ဘာ ၂၉ ရက်နေ့က ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့တာ ၁ ပတ် ကြာမြင့်နေပြီ ဖြစ်ပြီး အစိုးရအဆောက်အဦတချို့၊ ဆက်သွယ်ရေးနဲ့ ရုပ်မြင်သံကြားဌာန တချို့တွေကို အစိုးရဆန့်ကျင်သူတွေ သိမ်းထားခဲ့ကြပြီး ဖြစ်ပါတယ်။ နိုင်ငံပြင်ပကို ထွက်ပြေးသွားတဲ့ လက်ရှိ ၀န်ကြီးချုပ် ရင်းလပ်ရှင်နာဝပ်ထရာရဲ့အကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ပြည်တော်ပြန်ခွင့် ရအောင်လုပ်ပေးမယ့် လွတ်ငြိမ်း ချမ်းသာခွင့်ကိစ္စ ပေါ်လာကတည်းက အထက်တန်းလွှာနဲ့ လူလတ်တန်းစားတွေ အများစု ပါဝင်တဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေ စဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ တဘက်မှာလည်း အခြေခံလူတန်းစားတွေ အများဆုံးပါဝင်တဲ့ ရှပ်နီအုပ်စုကလည်း ဘန်ကောက်မြို့ရဲ့ အားကစားကွင်းထဲမှာ ၀န်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ထောက်ခံ ဆန္ဒပြပွဲတွေ ကျင်းပနေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up