စက်ဘီးပြိုင်ပွဲတွင် ဆုတံဆိပ်များ ရယူမည်ဟုဆို

မြန်မာကိုယ်စားပြု စက်ဘီးသမားတွေဟာ ခုပြိုင်ပွဲကျင်းပမယ့် စက်ဘီးကွင်းမှာ နှစ်ပေါက်အောင် လေ့ကျင့်ထားကြလို့ ဆုတံဆိတ်တွေရနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ BMX စက်ဘီးသမားတွေဟာ နေပြည်တော်ကနေ  နာရီဝက်ကျော်လောက်ကားစီးသွားရတဲ့ mount pleasant နေရာမှာ လေ့ကျင့်နေကြပါတယ်။ BMX ကစားကွင်းထဲမှာ အပြင်းအထန်လေ့ကျင့်နေတဲ့ မခိုင်ဇင်မိုးက “ဒီအားကစားနည်းက ဒီနှစ်မှပေါ်တယ်ဆိုပေမယ့် ၀ါသနာလည်းပါတယ်၊ ကြိုက်လည်း ကြိုက်တယ်။ သူများနိုင်ငံတွေ စီးတော့ ကိုယ်လည်း ၀ါသနာပါလို့ စီးတာပါ။ ဒီဆီးဂိမ်းမှာတော့ ရွှေရအောင် ကြိုးစားမယ်။ ရအောင်လည်း ယူမယ်လို့ စိတ်ကူးထားပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ သူတို့လည်း လူ၊ ကိုယ်လည်း လူ ဘာမှမထူးခြားဘူး။ ကိုယ်ကြိုးစားရင်လည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။ ဒီစက်ဘီးအားကစားနည်းအောက်မှာ bmx အားကစားနည်းအပြင် road race ၊ cross country၊ down hill စတဲ့ ကစားနည်း နောက်ထပ် မျိုးကွဲသုံးမျိုးပါဝင်ပြီး ကစားနည်းအားလုံးအတွက် ရွှေ ၁၃ ခုချီးမြှင့်မှာပါ။ unnamed၁စက်ဘီးပြိုင်ပွဲအားလုံးကို မြန်မာအပါအ၀င် နိုင်ငံပေါင်း ၅ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာရဲ့ အဓိကပြိုင်ဘက်တွေဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာက ဒီနှစ်မှာ နိုင်ငံခြားသား နည်းပြ ၇ ယောက်ကို ခေါ်ယူလေ့ကျင့်နေတဲ့အပြင် ရွှေတံဆိတ်တွေ ရယူနိုင်ဖို့ ကြိုတင် လေ့ကျင့်ချိန် နှစ်နှစ်နီးပါးရှိနေပြီ ဖြစ်ပါတယ်။ အားကစားသမား ကိုဇာနည်က “ကျနော်တို့ ဆီးဂိမ်းမှာ ပြိုင်ပွဲဝင်ဖို့က သုံးပတ်ပဲ ကျန်တော့တယ်။ အကြီးမားဆုံး ဆုတံဆိပ် ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။ ပြိုင်ဘက်တွေကလည်း ပြီးခဲ့တဲ့ ဆီးဂိမ်းတွေမှာ စံချိန်တွေက ကောင်းခဲ့ပြီးပြီဆိုတော့ အခုချိန်မှာ သူတင်ကိုယ်တင် စီးရမယ့်သဘော ရှိပါတယ်” လို့ ပြောပါတယ်။ နောက်ထပ် လေ့ကျင့်နေတာက cross country အားကစားနည်းဖြစ်ပြီး ဒီကစားနည်းဟာ တောတွင်းလမ်းကြမ်းတွေပေါ်မှာ စီးနင်းရတဲ့ ကစားနည်းဖြစ်ပြီး သတ်မှတ်ချိန် ၁ နာရီခွဲ ဒါမှမဟုတ် ၂ နာရီအချိန်တွင်းမှာ ကွင်းလေးပတ်စာ တောလမ်းတွေမှာ စီးနင်းပြိုင်ပွဲဝင်ရတာပါ။ cross country အားကစားနည်းပြ ကိုမင်းမင်းဟန်က “ထိုင်းနဲ့ အင်ဒိုနီးရှားပဲ အဓိက ကျနော်တို့ရဲ့ ပြိုင်ဘက်တွေပါ။ အခုလက်ရှိ မြန်မာကစားသမားတွေက ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ အင်ဒိုနီးရှားရခဲ့တဲ့ စံချိန်ကို ၉ မိနစ် အသာလောက် ကျနော်တို့ ချိုးဖောက်နိုင်နေပြီဖြစ်ပါတယ်။ ပရိသတ်ကိုလည်း cross country မှာ ရွှေတံဆိပ်ရအောင် ကြိုးပမ်းပါမယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။ road race ခေါ်တဲ့ လမ်းမတလျှောက်ပြိုင်ဆိုင်တဲ့ စက်ဘီးပြိုင်ပွဲကတော့ လယ်ဝေးမြို့နယ်ဘက်မှာ လေ့ကျင့်နေပါတယ်။ စက်ဘီးကစားနည်းကို အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ ထည့်သွင်းကျင်းပတာဟာ အခုဆို ၂ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ စက်ဘီးအားကစားပြိုင်ပွဲတွေဟာ မြန်မာနိုင်ငံမှာ ကျင်းပတာ နောက်ကျတယ်ဆိုပေမယ့် မြန်မာအားကစားမားတွေက ဆီးဂိမ်းမတိုင်ခင် ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ စံချိန်ကောင်းတွေ စိုက်ထူနိုင်ခဲ့ကြတာကြောင့် မကြာခင် နိုင်ငံဂုဏ်ကို ဆောင်ကျဉ်းနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up