ဗကသများအဖွဲ့ချုပ် သပိတ်စစ်ကြောင်း ခေါင်းဆောင်အပါအဝင် ၄ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့မှာ ဇူလိုင်လ ၄ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သပိတ်စစ်ကြောင်းရဲ့ သပိတ်ခေါင်းဆောင်အပါအဝင် ၄  ယောက်  ဖမ်းဆီးခံရပါတယ်။

ဗကသများအဖွဲ့ချုပ် သပိတ်စစ်ကြောင်းရဲ့ သပိတ်ခေါင်းဆောင် ကိုမြတ်သူ အပါအဝင် ၄ ယောက်ဟာ နေအိမ်တစ်အိမ်မှာ ရှိနေတဲ့အချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးတာလို့ ဗကသ ကျောင်းသား တစ်ဦးက ပြောပါတယ်။

သူတို့ ၄ ယောက်ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

More News
Up