Thursday, June 8, 2023
HomeCOVID19ဧရာ၀တီတိုင်း​ Stay at home ​ ၃ မြို့နယ်တွင် စာသင်ကျောင်းများပိတ်မည်

ဧရာ၀တီတိုင်း​ Stay at home ​ ၃ မြို့နယ်တွင် စာသင်ကျောင်းများပိတ်မည်

ဧရာ၀တီတိုင်း​ဒေသကြီး Stay at home ​ကြေညာထားတဲ့ ၃ မြို့နယ်က အခြေခံပညာစာ​ကျောင်းတွေကို ဇူလိုင် ၅ ရက်​ကစတင် ပိတ်ထား​မှာဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးက ထုတ်ပြန်​ထားပါတယ်။

ပုသိမ်၊ ​မြောင်းမြနဲ့ သာ​ပေါင်းမြို့နယ်တွေက ကျောင်းတွေ၊ ဘုန်း​တော်ကြီးသင်​ကျောင်းတွေနဲ့ ကိုယ်ပိုင်​ကျောင်းတွေကို  stay at home သတ်မှတ်ထားတဲ့ ကာလမှာ ယာယီပိတ်ထားမယ်လို့ ဧရာ၀တီတိုင်း​တိုင်းပညာ​ရေးမှူးရုံးက ထုတ်ပြန်ထား​တာပါ။

“ကျောင်း​တွေက ပိတ်တာ​ကောင်းတယ်​၊ ​ရောဂါ စဖြစ်ကတည်းက ပိတ်ရမှာ​လေ။ အခုလည်း stay at home သတ်မှတ်မြို့နယ်တွေပဲ ပိတ်တာ တခြားမြို့နယ်​တွေ ​ကျောင်းဖွင့်တုန်း ရောဂါထိန်းချုပ်ဖို့က ကျောင်းတွေပိတ်ရမှာ။ လူစုလူဝေး ဖြစ်နေတာလေ” လို့ CDM လုပ်တဲ့ ပညာ​ရေးဝန်ထမ်းတစ်ဦးက ​ပြောပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီးက ပုသိမ်၊​ မြောင်းမြ၊ သာ​ပေါင်းမြို့နယ်တွေမှာ  Stay at home အဖြစ် ဇူလိုင်လ ၃ ရက်​နေ့မှာ ​ကြေညာထား​ပါတယ်။

မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့နဲ့ ပုသိမ်မြို့တွေမှာ ကျောင်းဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတချို့ ကိုဗစ်​-၁၉ ရောဂါဖြစ်ပွားမှုတွေ ရှိ​နေ​ကြောင်း သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular