စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ညစျေးတန်းကို ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်ဖို့ စစ်ကောင်စီ လက်အောက်ခံ မုံရွာစည်ပင်က သတင်း နှစ်ပတ်ကြ ပိတ်ဖို့ ဇူလိုင် ၃ ရက်နေ့က ညွှန်ကြားထားပါတယ်။
မုံရွာမြို့ ညနေခင်း အထင်ကရ ညစျေးတန်းက အစားအသောက်မျိုးစုံရရှိတဲ့ ညစျေးတန်း ဆိုင်တွေအားလုံးကို ဇူလိုင် ၅ ရက်မှ ၁၉ ရက်အထိ နှစ်ပတ် ယာယီပိတ်သိမ်းဖို့ မုံရွာစည်ပင်က စာထုတ်ပြန်ပါတယ်။
နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ညစျေးတန်းရောင်းချသူတွေ အခက်အခဲတချို့ တွေ့ကြုံနေရတယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
အရင်က မုံရွာ ညစျေးတန်းမှာ လမ်းတလျှောက် တဲထိုးဆိုင်ခန်းတွေနဲ့ ပြည့်နှက်နေပြီး ကိုဗစ်-၁၉ ရောဂါပိုးနဲ့ နိုင်ငံရေးအခြေအနေကြောင့် ဆိုင်ခန်းတချို့ ပိတ်သိမ်းလိုက်ရပါတယ်။