ခန္တီးမြို့တွင် ဗုံးပေါက်ကွဲသဖြင့် ရဲတစ်ဦး ဒဏ်ရာရ
DVB
·
July 4, 2021
စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇူလိုင် ၄ ရက်နေ့ မနက် ၅ နာရီ မိနစ် ၄၀ လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “အခု ဗုံးပေါက်ကွဲတာ ခန္တီးမြို့ ကမ်းနားလမ်းမှာ စစ်အာဏာရှင် ဆန့်ကျင်တဲ့ စာသားပါ သစ်ပင်မှာ ကပ်ထားတဲ့ ဗွီနိုင်းကို သွားဖြုတ်တာ၊ မြောင်းထဲ ပေါက်ကွဲပြီး ရဲတစ်ဦး ဒဏ်ရာရှိခဲ့တယ်” လို့ ပြောပါတယ်။
ခန္တီးမြို့မှာ တပ်ရင်း ၄ ရင်းရှိကာ လက်ရှိမှာ လုံခြုံရေးတင်းကျပ်ထားပြီး ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲတာလည်း ဖြစ်ပါတယ်။