DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် လမ်းလျှေက်ပွဲ ကျင်းပ
DVB
·
November 30, 2013
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် လမ်းလျှေက်ပွဲ ကျင်းပ
1 / 2
Donate to DVB

ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်မယ့် “World AIDS Day 2013” အထိမ်းအမှတ် လမ်းလျှောက်ပွဲကို ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

လမ်းလျှောက်ပွဲမှာ အန်ဂျီအို အဖွဲ့ဝင်တွေ၊ AIDS ဝေဒနာရှင်တွေ၊ နန်းခင်ဇေယျာနဲ့အတူ တခြားအနုပညာရှင်တွေနဲ့ လူငယ်တွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

[caption id="attachment_47315" align="alignright" width="300"]နန်းခင်ဇေယျာ နန်းခင်ဇေယျာ[/caption]

နန်းခင်ဇေယျာက “အေ့ဒ်ရောဂါဝေဒနာရှင်တွေကို ညီမ အားပေးစကား ပြောချင်ပါတယ်။ အနုပညာရှင်တယောက်အနေနဲ့ အားပေးချင်ပါတယ်။ စိတ်သိမ်ငယ်မှု မထားပါနဲ့၊ ဘဝမှာ ဖြစ်ချင်တာတွေနဲ့ လုပ်ချင်တာတွေ စွမ်းစွမ်းတမံ လုပ်ဆောင်သွားဖို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

အေ့ဒ်ရောဂါသည်တွေကို သာမန်လူတွေလိုပဲ ဆက်ဆံလို့ရတယ်ဆိုတာကို သိစေချင်ပါ တယ်လို့ အနုပညာသည်တဦးကလည်း ပြောပါတယ်။

AIDS copy“သူများတွေက အေ့ဒ်ရောဂါဆို ကူးစက်တတ်တယ်ဆိုပြီး ကြောက်ကြတယ်လေ။ အစ်မကတော့ အရင်ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ဖူးတယ်။ ပညာပေးတာတွေလည်း သိရတဲ့အတွက် ဒီရောဂါက မကူးစက်တတ်ပါဘူး။ ကြောက်စရာမလိုပါဘူး။ သူတို့တွေကိုလည်း သာမန်လူတွေလိုပဲ ဆက်ဆံလို့ရတယ်၊ ဒါကိုကျန်တဲ့လူတွေကိုလည်း သိစေချင်တာပါ။”

မြန်မာနိုင်ငံမှာ HIV ရောဂါဝေဒနာရှင်ပေါင်း ၂ သိန်းခွဲဝန်းကျင် ရှိနေတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက ခန့်မှန်းပါတယ်။

ကမ္ဘာပေါ်က အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်အယောက် ၂ သန်းဟာ HIV ရောဂါပိုး ကူးစက်ခံနေရပြီး အများအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ မရဘူးလို့လည်း ဆိုပါတယ်။

၂၀၁၂ ခုနှစ်အတွင်းမှာ ကလေးသူငယ် ၂ သိန်း ၁ သောင်းဟာ AIDS ရောဂါကြောင့် သေဆုံးကြောင်း WHO က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013