ခန္တီးမြို့တွင် SP သတင်းရဲတပ်ဖွဲ့မိသားစုအပါအဝင် ၁၀ ဦး ကိုဗစ်ပိုးတွေ့ရှိ

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းက SP သတင်းရဲတပ်ဖွဲ့ မိသားစု ၄ ဦး အပါအဝင် ၁၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ်။

ပရဟိတလုပ်ကိုင်သူ တစ်ဦးက “အခုနေ့လယ်ပိုင်းက SP သတင်းရဲတပ်ဖွဲ့မိသားစု ၄ ဦးကို RTD Test kits စစ်ဆေးတာ သူတို့ ၄ ယောက်ပိုးတွေ့တယ်။  နောက်ထပ် ရွှေကမ္ဘာလက်ဖက်ရည်ဆိုင်က စားပွဲထိုး ၅ ယောက်၊ ပေါမိုင်းရပ်ကွက် ၁ ယောက် တွေ့ရှိခဲ့တယ်” လို့ ပြောပါတယ်။

ခန္တီးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၁၇ ဦးထိရှိလာခဲ့ပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up