Wednesday, May 31, 2023
HomeCOVID19မန္တလေးဆေးရုံကြီးတွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၇ ဦးရှိ

မန္တလေးဆေးရုံကြီးတွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၇ ဦးရှိ

မန္တလေး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါကုသဆောင်မှာ ဇူလိုင် ၁ ရက် ည ၁၂ နာရီကနေ ဇူလိုင် ၂ ရက် မနက် ၉ နာရီအတွင်း သေဆုံးသူ ၇ ဦးရှိတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ မဟာအောင်မြေမြို့နယ် ၃၆လမ်း၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်နေ အသက် ၆၅ နှစ်အရွယ်အမျိုးသမီး၊ မဟာမြိုင် (၁) ရပ်ကွက်နေ အသက် (၅၄) နှစ် အရွယ်အမျိုးသမီး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) ရပ်နေ အသက် (၃၉) နှစ်အရွယ် အမျိုးသား၊ အသက် ၆၀ အရွယ် ကုတင် (၅၅၀) ကလေးဆေးရုံအုပ် အငြိမ်းစား၊ အောင်မြေသာစံမြို့နယ် နန်းရှေ့ မီးသတ်က အသက် (၅၃) နှစ်အရွယ် အမျိုးသား၊ အနှိတ်တော်ရပ်ကွက်နေ (၅၄) နှစ် အရွယ်အမျိုးသား နဲ့ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာနေ အသက် (၄၉) နှစ် အရွယ် အမျိုးသမီးတို့ဖြစ်ကြပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁ ရက်နေ့က ကန်တော်နဒီ Test and Care စင်တာမှာ ၈၁ ဦး နှာခေါင်းတို့ဖက် အာခေါင်တို့ဖက်ယူ စစ်ဆေးရာ အယောက် ၅၀ ပိုးတွေ့ အဖြေထွက်ခဲ့တယ်လို့ သိရပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular