သူရဦးရွှေမန်းနှင့် ဂျပန်ဝန်ကြီးချုပ် တွေ့ဆုံ
DVB
·
November 29, 2013
ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီနေ့ နေလယ် ဂျပန်ဝန်ကြီးချုပ်ရုံးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေးစီမံကိန်း တိုးတက်အောင်မြင်ဖို့ အကူအညီတွေ ဆက်ပေးသွားမယ့်အကြောင်း၊ ရှေ့နှစ်ဟာ ဂျပန်-မြန်မာချစ်ကြည်ရေး အနှစ် ၆၀ ပြည့် ဖြစ်သလို မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်တဲ့အတွက် နှစ်နိုင်ငံ ပိုမိုရင်းနှီးလက်တွဲသွားမယ့်အကြောင်း၊ နှစ်နိုင်ငံ ရင်နှီးမြှုပ်နှံမှုတွေ အလျင်အမြန် ဆောင်ရွတ်နိုင်ပြီး စီးပွားရေး တိုးတက်အောင်မြင်လာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဂျပန်နိုင်ငံရဲ့ အကူအညီ အထောက်အပံ့တွေက မြန်မာနိုင်ငံမှာ အကျိုးထူးကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် ကြိုးမှုတွေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံရေးတွေ ဒီထက်ပိုပြီး ရှင်သန်အောင် ဂျန်နိုင်ငံရဲ့ အကူအညီ အထူးလိုအပ်တဲ့အတွက် ဆက်လက်ပံ့ပိုးပေးပါလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။