ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ သံသယလူနာ ၂ ယောက်  ဇွန် ၃၀ ရက် ညနေပိုင်းက သေဆုံးခဲ့တယ်လို့ ကိုဗစ်ရောဂါအရေး  ပရဟိတကူညီလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ဆီ ကိုဗစ်ပိုးလာ စစ်ဆေးသူ ၈၀ ကျော်ရှိတယ်။ ၆၈ ယောက် ကိုဗစ်ပိုး တွေ့တယ်။ အခုတော့ ကျနော်တို့ အိပ်စွပ်စင်တာကို ပြည်သူတွေ တော်တော်များများ လာရောက်စစ်နေပြီ။ အရင်က မလာကြဘူး။”

ကလေးမြို့ပြည်သူဆေးရုံမှာ ဇွန် ၃၀ ရက်ထိ ကိုဗစ်ကြောင့် သေဆုံးသူ ၄၃ ဦးရှိပြီး ကိုဗစ်ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိတယ်လို့ ပြည်သူ့ဆေးရုံစာရင်းအရ သိရပါတယ်။

More News
Up