ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရသူ ၁၉ ဦး မိတ္ထီလာထောင်မှ ပြန်လွတ်

6.7K
ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရသူ ၁၉ ဦး မန္တလေးတိုင်း မိတ္ထီလာအကျဉ်းထောင်ကနေ ဇွန်လ ၃၀ ရက်ညနေပိုင်းက လွတ်မြောက်လာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ မလှိုင်က အမျိုးသမီး ၁ ဦး၊ မိတ္ထီလာက အမျိုးသား ၂ ဦး၊ ဝမ်းတွင်းက အမျိုးသား ၈ ဦး၊ သာစည်က အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး ပေါင်း ၁၉ ဦး လွတ်မြောက်လာပါတယ်။
လွတ်မြောက်လာသူတွေဟာ ပုဒ်မ ၅၀၅ (က) နဲ့ တရားရုံးစစ်ဆေးနေဆဲသူတွေ ဖြစ်တယ် လို့ သိရပါတယ်။