Wednesday, June 7, 2023
HomeLead Storyပေါင်းတည်မြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ပေါင်းတည်မြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် (ခ) ဇော်လတ် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

အသက် ၄၅ နှစ်အရွယ် ဦးအောင်ဇော်လတ်ဟာ ရွာကနေ ပေါင်းတည်မြို့ဘက်ကို ဗျူဟာလမ်းအတိုင်း လင်မယားနှစ်ယောက်ဆိုင်ကယ်နဲ့ လာစဉ် အဂ္ဂရာပြည့်ကျေးရွာနားမှာ ဦးခေါင်းကို သေနတ်နဲ့ ၂ ချက်ပစ်သတ်ခံရတာဖြစ်ပြီး သူ့အမျိုးသမီးကတော့ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်းတည်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရတာဟာ ပထမဦးဆုံးလို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular