DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးငယ်များကို လူကုန်ကူးသူ ဖမ်းဆီးခံရ
DVB
·
November 29, 2013
အမျိုးသမီးငယ်များကို လူကုန်ကူးသူ ဖမ်းဆီးခံရ
1 / 2
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အရွယ်မရောက်သေးသူ အပါအ၀င်  မြန်မာအမျိုးသမီးငယ် ၄ ဦးကို ပြည့်တန်ဆာအဖြစ် ရောင်းစားတဲ့ လူကုန်ကူးဂိုဏ်း တဂိုဏ်းကို ဖမ်းဆီးရမိခဲ့ပါတယ်။

thairath.co မဲဆောက်မြို့နယ် မယ်ပရပ်ကွက်ထဲမှာ မိန်းကလေးတွေကို ပြည့်တန်ဆာအဖြစ် ရောင်းစားမှု ရှိတယ်လို့ ကြိုတင်သတင်း ရထားချက်အရ အရပ်ဝတ်ရဲတွေက ဧည့်သည်အသွင်နဲ့ ဆပိုင်းဒီးတည်းခိုခန်းထဲကို ၀င်ရောက်စုံစမ်းပြီး ဒီနေ့ မနက် ၁ နာရီခွဲက ဖမ်းဆီးခဲ့တာလို့ တာ့ခ်ခရိုင် လ၀ကဌာန ရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန် တိဖပ်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရောင်းစားခံရသူ မြန်မာနိုင်ငံသား မိန်းကလေး ၄ ဦးမှာ မဒါဒါ (၂၈) နှစ်၊ မအေး (၁၃) နှစ်၊ မနော် (၁၃) နှစ် နဲ့ မမိုး (၁၃) နှစ်တို့ ဖြစ်ပြီး သောင်ရင်းမြစ်ကတဆင့် တရားမ၀င် ၀င်ရောက်လာတာလို့ ရဲမှူးကြီးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုစိုး ခေါ် ကိုကတုံး အသက် ၂၈ နှစ်နဲ့ ဒေါ်နိကြည် အသက် ၂၈  နှစ်တို့ကို  လိုအပ်သလို စစ်ဆေးအရေးယူဖို့ တာ့ခ်ခရိုင် အထူးစုံစမ်းစစ်ဆေးရေးဘက်ကို လွှဲအပ်မယ်လို့ ဆိုပါတယ်။

လူကုန်ကူးခံရသူ မိန်းကလေးတွေကိုတော့ မြန်မာဘက်ခြမ်းကို ပြန်လည်ပို့ဆောင်ဖို့ သက်ဆိုင်ရာ  လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013