မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် အနောက်ပိုင်းဇုန်မှာ ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် ဆည်းဆာသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနဲ့ အနောက်ပိုင်းဇုန်က ဒေသခံပြည်သူတွေ ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေးအတွက် ဆည်းဆာသပိတ်ပြုလုပ်ခဲ့ကြတာလို့ သပိတ်ကော်မတီတာဝန်ရှိသူတစ်ယောက်က DVB ကို ပြောပါတယ်။
မြိုင်မြို့နယ် သပိတ်ကော်မတီနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် နေ့စဥ်ရက်ဆက် ဆန္ဒပြသပိတ်မှောက်နေတာလို့ ဆိုပါတယ်။
မတရားသဖြင့် ပြည်သူ့အာဏာကို သိမ်းပိုက်သွားတဲ့ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို ဘယ်တော့မှ မခံယူဘဲ အမြတ်ပြတ် ပြုတ်ကျတဲ့အထိ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး တိုက်ထုတ်သွားမယ်လို့ ပြောပါတယ်။
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီအနေနဲ့ မြိုင်မြို့နယ်အတွင်းက အခက်ခဲဖြစ်နေတဲ့ CDM ပညာရေးဝန်ထမ်းတွေကိုလည်း ထောက်ပံ့တာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။