DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် အစိုးရကို ထောက်ခံဆန္ဒပြ
DVB
·
November 28, 2013
ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် အစိုးရကို ထောက်ခံဆန္ဒပြ
Donate to DVB

မြန်မာနိုင်ငံမှာ အိုအိုင်စီ (အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ရုံးတွေ ဖွင့်ခွင့်ပြုမှာ မဟုတ်ကြောင်း အစိုးရရဲ့  ပြောကြားချက်ကို ထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ဒေသခံပြည်သူတွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

y b 2ဆန္ဒထုတ်ဖော်ရခြင်းနဲ့ ပတ်သက်ပြီး ဦးဆောင်ဆန္ဒပြသူတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်က အခုလို ပြောပါတယ်။

“အစိုးရကို ထောက်ခံတဲ့ ဆန္ဒပြပွဲ လုပ်သွားတယ်။ အဲဒီမှာ ကျနော်တို့ အိုအိုင်စီ ဆန့်ကျင်ရေး၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အကောင်အထည်ပေါ်ရေး၊ နောက် ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ်မှာ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ၀င်ရောက် စွက်ဖက်မှုတွေကို တိုက်ဖျက်တဲ့ သဘောပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိုလည်း ဘယ်သူမှ ၀င်မစွက်ဖက်နဲ့ ဒါဒို့ပြေ ဒါဒို့မြေဆိုတဲ့ ကမ္ဘာမကြေ သီချင်းနဲ့ ဒီအခမ်းအနားကို ဆောင်ရွက်ကြတယ်။ ”

ရာနဲချီတဲ့ ဆန္ဒပြသမားတွေဟာ ဒီကနေ့မနက် ၉ နာရီကနေ ၁၀ နာရီထိ ရမ်းဗြဲမြို့လယ် ဓမ္မာရုံရှေ့ကနေ မြို့ကို တပတ်ပတ်ခဲ့ပြီး အိုအိုင်စီကို အလိုမရှိ၊ မြန်မာ့အချုပ်အခြာအာဏာကို မစွက်ဖက်နဲ့စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆန္ဒထုတ်ဖော်မှုကို ဘယ်အဖွဲ့အစည်းကမှ ဦးဆောင်တာမဟုတ်ဘဲ  မြို့နယ်အာဏာပိုင်တွေဆီ  ခွင့်ပြုချက်တောင်းခံပြီး ဆန္ဒပြခဲ့တာပါ။

အိုအိုင်စီအဖွဲ့ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၃ ရက်နေ့က ရောက်ရှိခဲ့ပြီး သူတို့ရဲ့ ခရီးစဉ်ကို  ရခိုင်ပြည်နယ် စစ်တွေ၊ ရန်ကုန်၊ လားရှိုး နဲ့ အခြားမြို့တွေမှာလည်း  ဆန္ဒပြခဲ့ကြပါတယ်။

သူတို့အဖွဲ့ ပြန်သွားပြီး မကြာခင်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။  အစိုးရဘက်ကလည်း  ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လက်မခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013