Home
မြန်မာသတင်း
ဩစတြေးလျဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
DVB
·
November 28, 2013
ဩစတြေးလျနိုင်ငံမှာ အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဩစတြေးလျ ၀န်ကြီးချုပ် တိုနီအဘောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ [caption id="attachment_47221" align="alignleft" width="300"]Photo by AAP Photo by AAP[/caption] ဒေါ်အောင်ဆန်းစုကြည်ဟာ ဩစတြေးလျ ၀န်ကြီးချုပ် တိုနီအဘောက်နဲ့ ဒီနေ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဩစတြေးလျ ၀န်ကြီးချုပ် တိုနီအဘောက်က  ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ အကြောင်းနဲ့ တချိန်က သူ အတိုက်အခံ ဖြစ်စဉ်ကလည်း တခါတလေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ဖူးသလို တခါတလေ စိတ်ပျော်ရွှင်ဖူးတဲ့အကြောင်း ပြောပါတယ်။ ရွှင်မြူးတဲ့အချိန်တွေ ပိုများလာပြီးတော့ စိတ်အနှောင့်အယှက် ဖြစ်တဲ့ အချိန်တွေ ပိုနည်းလာအောင် မျှော်လင့်သွားဖို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တချို့ယူဆနေသလို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက်သေးသလို အခြေခံဥပဒေကို မပြင်ဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ဘယ်တော့မှ မဖြစ်နိုင်တဲ့အကြောင်း ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ မှတ်ထင်ထားတဲ့ အကြောင်းလည်း ဩစတြေးလျ ၀န်ကြီးချုပ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆစ်ဒနီ၊ ကင်ဘာရာ၊ မဲလ်ဘုန်းကို သွားရောက်မှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024