Home
မြန်မာသတင်း
ကန်ကြီးထောင့်ပြည်သူ့ပါတီအလုပ်အမှုဆောင်ကို PDF ဟုဆိုကာ စွပ်စွဲဖမ်းဆီး
DVB
·
June 27, 2021
197254448_1132398040577871_7859395159970106418_n

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ပြည်သူ့ပါတီအလုပ်အမှုဆောင် ကိုအာကာအောင်ကို အကြမ်းဖက်စစ်ကောင်စီက PDF လို့ စွပ်စွဲကာ ဇွန် ၂၃ ရက် မနက်ပိုင်းက  ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းမှုအပြီး ကန်ကြီးထောင့်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဝရမ်းအထုတ်ခံရလို့ ရန်ကုန်မှာတိမ်းရှောင်နေစဉ် ခုလိုဖမ်းဆီးခံလိုက်ရတာ လို့ နီးစပ်သူတွေက ပြောပါတယ်။

"ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တော့ ရှောင်နေရတာ ကြာပြီ အဲဒါကို သူအလုပ်ကိစ္စနဲ့ ထွက်သွား ချိန်သူ့ကို ဖမ်းသွားတာ အဆက်အသွယ် မရတော့ဘူး''လို့ ကိုအာကာအောင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

ကိုအာကာအောင် အပြင်ထွက်သွားချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်လို့ ဘယ်နေရာမှာ ဖမ်းဆီး ထားတယ်ဆိုတာ မသိရသလို ခုချိန်ထိလည်း အဆက်အသွယ်မရတော့တာကြောင့် မိသားစုဝင်တွေ ကလည်း စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။

PDF လို့ စွပ်စွဲကာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် ကိုအာကာအောင်ရဲ့ မိသားစုဝင်တွေကတော့ ကိုအာကာအောင်ကို ကန်ကြီးထောင့်မြို့နယ်က ရဲစခန်းကို ရွှေ့ပြောင်းစစ်ဆေးတာတွေ လုပ်စေချင်နေကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ PDF လို့ စွပ်စွဲဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူ့ပါတီ မြို့နယ်အလုပ်အမှုဆောင် ကိုအာကာအောင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ ကန်ကြီးထောင့် မြို့မ ရဲစခန်းမှာ အမှုဖွင့်ခံထားရသူလည်းဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024