DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးမည်
DVB
·
November 28, 2013
တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများ  ငြိမ်းချမ်းရေးဆွေးနွေးမည်
Donate to DVB

စစ်မက်ဖြစ်ပွားရာဒေသအပါအ၀င် တိုင်းရင်းသားဒေသအသီးသီးက အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။

invite copyကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ ရခိုင်၊ တနင်္သာရီနဲ့ ချင်းအစရှိတဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးက အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ ကိုယ်စားလှယ်ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လာမယ့် ဒီဇင်ဘာ ၁ ရက်ကနေ ၄ ရက်နေ့အထိ  ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖလှယ်ကြဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်နဲ့  ပတ်သက်ပြီး  ဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်တဲ့  မျိုးဆက်သစ်(ရှမ်းပြည်)အဖွဲ့က ဦးမိုးက ဒီဗွီဘီကို ခုလိုရှင်းပြပါတယ်။

“အဓိကကတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍမှာ အရပ်ဘက်လူ့အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ဖို့အတွက်ဖို့ ရည်ရွယ်တယ်။ နောက်တခုက အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အဟန့်အတား ဖြစ်စေတဲ့ကိစ္စတွေကိုလည်း ဒီ အလုပ်ရုံဆွေးနွေးပွဲကနေပြီးတော့မှာ ဖြေလျော့ နိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေဖို့အတွက် တွေ့ဆုံဆွေးနွေးခြင်းဘဲ ဖြစ်ပါတယ်။”

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ဖို့ ပြည်နယ်နဲ့တိုင်းအသီးသီးက လူမှုအခြေပြုအဖွဲ့ပေါင်း ၂၀၀ နီးပါးကို ဖိတ်ကြားထားပြီး တဖွဲ့ကို ကိုယ်စားလှယ် ၁၀ ဦးထိ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ ပထမ ၃ ရက်မှာ  ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသက ပြည်သူတွေရဲ့ ပြဿနာနဲ့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေကို အုပ်စုဖွဲ့ ဆွေးနွေးမှာ ဖြစ်ပြီး  ဒီဇင်ဘာ ၄ ရက်နေ့မှာတော့  ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အပစ်အခတ်ရပ် လက်နက်ကိုင်အဖွဲ့၊ ပြည်သူ့လွှတ်တော်အမတ်တွေနဲ့ အခြားပါဝင်သင့်တဲ့ ပုဂ္ဂိုလ်တွေ ဖိတ်ကြားပြီး  ဆွေးနွေးပွဲက ရ လာတဲ့ ဆုံးဖြတ်ချက်တွေကို  တောင်းဆိုချက်တွေအနေနဲ့ တင်ပြသွားဖို့ ရှိတယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ဖို့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသားအဖွဲ့တွေလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြတာမှာ ကယားပြည်နယ်က ကိုယ်စားလှယ်တွေအနေနဲ့လည်း  မနက်ဖြန် လွိုင်ကော်မြို့မှာ ကျင်းပမယ့် လူငယ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဒီကိစ္စ ထည့်သွင်း ဆွေးနွေးမယ်လို့  ကယန်းမျိုး ဆက်သစ် လူငယ်အဖွဲ့ ခေါင်းဆောင် ခွန်းဘီဒူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013