Sunday, June 11, 2023
HomeCOVID19မဲဆောက်မြို့တွင် ရွှေ့ပြောင်းအလုပ်သမား ၁ ဦး ကိုဗစ်ပိုးတွေ့ရှိ

မဲဆောက်မြို့တွင် ရွှေ့ပြောင်းအလုပ်သမား ၁ ဦး ကိုဗစ်ပိုးတွေ့ရှိ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း မဲဆောက်မြို့တောင်ဘက် မယ်တောင်ဖဲ့ကျေးရွာ (၂) ရပ်ကွက်မှာ ဇွန်လ ၂၅ ရက်နေ့က မနက်ပိုင်းက ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦး ကိုဗစ်ပိုးတွေ့ရှိကြောင်း ထိုင်းသတင်းတွေအရ သိရပါတယ်။ 

ရွှေ့ပြောင်းမြန်မာအမျိုးသမီးဟာ  ကိုယ်ပူချိန်မြင့်ပြီး  နေမကောင်းတာကြောင့် ကိုဗစ်စစ်ဆေးရာက ရောဂါတွေ့ခဲ့တာဖြစ်ပါတယ်။ 

အဲဒီအမျိုးသမီးရဲ့ ခင်မွန်းကိုတော့ မဲဆောက်မြို့ ကွာရန်တင်း ကျန်းမာရေးစောင့်ကြည့်ရေးစခန်းကို ပို့ဆောင်ထားကြောင်း၊ သူတို့နဲ့ဆက်စပ်တဲ့ တခြားရွှေ့ပြောင်းမြန်မာအလုပ်သမား ၈၀ လောက်ကိုလည်း အလုပ်ရုံနဲ့မနီးမဝေး လူနေဆောင်မှာ  လော့ဒေါင်းချထားပါတယ်။ 

မဲဆောက်မြို့ဟာ  မြန်မာ-ထိုင်းနယ်စပ် စီးပွါးရေးအခြေကျတဲ့ ဒေသဖြစ်တဲ့အတွက် ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးတဲ့အနေနဲ့ ပထမကြိမ်၊ ဒုတိယကြိမ်  စုစုပေါင်း ၁၃၀,၉၇၉ ဦးကို ကိုဗစ်ကာကွယ်ဆေးထိုးပြီး ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular