DVB Logo
Home
Lead Story
ကုမ္ပဏီအလိုက် ကားတင်သွင်းခွင့် ထောက်ခံချက် မပေးတော့
DVB
·
November 28, 2013
ကုမ္ပဏီအလိုက် ကားတင်သွင်းခွင့် ထောက်ခံချက် မပေးတော့
Donate to DVB

ရန်ကုန်မှာ ကားတွေ များနေပြီ ဖြစ်တဲ့အတွက် ကုမ္ပဏီအလိုက် တက္ကစီကားသွင်းဖို့ တင်ပြလာတာတွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ထောက်ခံချက် မပေးတော့ဘူးလို့ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောပါတယ်။

[caption id="attachment_47198" align="alignleft" width="300"]ကားအရောင်းပြခန်းတွင် ကားများ ပြသထားပုံ ကားအရောင်းပြခန်းတွင် ကားများ ပြသထားပုံ[/caption]

နိုဝင်ဘာ ၂၅ ရက်နေ့က ရန်ကုန်ရေကြောင်းအာဏာပိုင်ရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး အစည်းအဝေးအပြီး သတင်းထောက်တွေကို ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ဟာ တက္ကစီကား တင်သွင်းလိုတဲ့ ကုမ္ပဏီတွေကို အစီးရေ ၅၀ ကနေ ၁၀၀၀ အထိကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ တင်သွင်း ခွင့်ပြုထားပါတယ်။

အခုလို ရန်ကုန်တိုင်းအစိုးရက ကုမ္ပဏီအလိုက် သွင်းတာကို ထောက်ခံချက် မပေးတော့ပေမယ့် တဦးချင်း တင်သွင်းနေတာတွေကိုတော့ ခွင့်ပြုဆဲဖြစ်တာ တွေ့ရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကားဟောင်းနဲ့ ကားသစ် လဲတာ၊ ကားအရောင်းစင်တာတွေအတွက် ခွင့်ပြုတာ၊ တဦးချင်း သွင်းခွင့်ပြုတာ အပါအ၀င် ကားစီးရေ စုစုပေါင်း ၂ သိန်း ၄ သောင်းနီးပါး တင်သွင်းခွင့်ပေးပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013