Thailand Elite ကတ် မြန်မာနိုင်ငံတွင် လာမိတ်ဆက်

1.1K
Thailand Privilege Card (TPC) ကုမ္ပဏီဟာ ထိုင်းကို သွားရင် ဗီဇာ ၁ နှစ်ရတာ အပါအ၀င် အခြား အခွင့်အရေးများစွာရမယ့် ဘတ် ၂ သန်းတန် Thailand Elite ကတ်ကို ရန်ကုန်မြို့မှာ နိုဝင်ဘာ ၂၆ ရက်နေ့က ကြော်ငြာ မိတ်ဆက်ခဲ့ပါတယ်။
ဒီ ကုမ္ပဏီရဲ့ အထူးဝန်ဆောင်မှုတွေ ရဖို့အတွက် ထိုင်းဘတ်ငွေ ၂ သန်းနဲ့ ညီမျှတဲ့ မြန်မာငွေ ကျပ် သိန်း ၆၀၀ ကျော် သွင်းပြီး Thailand Elite ကတ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ကတ်ပြုလုပ်ထားသူတွေဟာ ထိုင်းကို ၀င်ရင် ၁ နှစ် ဗီဇာ ရမှာ ဖြစ်ပြီး ၁ နှစ် ၂ ကြိမ် အခမဲ့ ဆေးစစ်ခံပိုင်ခွင့်၊ ၂၄ ကြိမ် ဂေါက်ရိုက်ပိုင်ခွင့်၊ ထိုင်းမှာ ရင်းနှီးမြှုပ်နှံလိုရင် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးမယ့် ၀န်ဆောင်မှု စတာတွေ ရရှိမယ်လို့ ဆိုပါတယ်။
ဒီ အသင်း ၀န်ဆောင်မှုတွေကို ကိုရီးယားနဲ့ ဂျပန်နိုင်ငံသားတွေ ရယူထားကြပြီး မြန်မာပြည်ကိုတော့ အခုမှ ၀င်ရောက် မိတ်ဆက်လာတာ ဖြစ်ပါတယ်။
