DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဘီလီယံခွဲခန့် တိုးတက်
DVB
·
November 28, 2013
နိုင်ငံခြားကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဘီလီယံခွဲခန့် တိုးတက်
Donate to DVB

အကောက်ခွန်မဲ့ ကုန်စည်စီးဆင်းမှုတွေကို  လျှော့ချနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့  နိုင်ငံခြား ကုန်သွယ်မှု ပမာဏဟာ  အခု ဘဏ္ဍာရေးနှစ်မှာ မနှစ်ကထက်  အမေရိကန် ဒေါ်လာသန်း  ၃၅၀၀ နီးပါး  တိုးတက်မှု ရှိခဲ့တယ်လို့  စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

[caption id="attachment_47190" align="alignleft" width="300"]စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန website[/caption]

အခု ဘဏ္ဍာရေးနှစ် စတင်တဲ့ ဧပြီလကနေ နိုဝင်ဘာလတတိယအပတ်အထိ နယ်စပ် အပါအ၀င် ပင်လယ်ရေကြောင်းကတဆင့်  တရားဝင် ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ  ၁၄ ဒဿမ ၈၂၉ ဘီလီယံကျော် ရရှိထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူ ကုန်သွယ်မှုပမာဏနဲ့ ယှဉ်ရင် ကန်ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံနီးပါး တိုးတက်လာတာလို့ ကူးသန်းရောင်းဝယ်ရေးနဲ့  စားသုံးသူရေးရာဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က  ဒီဗွီဘီကို ပြောပါတယ်။

အခု ဘဏ္ဍာရေးနှစ်ရဲ့ ၈ လတာအတွင်း ပင်လယ်ရေကြောင်းက ကုန်သွယ်မှုပမာဏက စုစုပေါင်း ကန်ဒေါ်လာ ၁၁ ဒဿမ ၇၃၈ ဘီလီယံကျော် ရှိပြီး နယ်စပ် ကုန်သွယ်မှုပမာဏက စုစုပေါင်း ကန်ဒေါ်လာ ၃ ဒဿမ ၀၉၁ ဘီလီယံ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီထဲကမှ သွင်းကုန်တန်ဖိုး စုစုပေါင်းက ကန်ဒေါ်လာ ၈ ဒဿမ ၁၆၇ ဘီလီယံကျော်နဲ့ ပို့ကုန်တန်ဖိုး စုစုပေါင်းက ကန်ဒေါ်လာ ၆ ဒဿမ ၆၆၂ ဘီလီယံကျော်ရှိလို့ ကုန်သွယ်မှုမှာ ပို့ကုန်က ဒေါ်လာ ၁ ဒဿမ ၅၀၅ ဘီလီယံကျော် အသာစီး ရနေပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့  ခု ဘဏ္ဍာရေးနှစ်မှာ ပင်လယ်ရေကြောင်း အပါအ၀င် နယ်စပ်လမ်းကြောင်းတွေကတဆင့် ကုန်သွယ်မှုပမာဏက နောက်ထပ် ဒေါ်လာသန်း ၃ ဒဿမ ၆ ဘီလီယံနီးပါး ထပ်မံ ရရှိဖို့  မျှော်မှန်းထားတယ်လို့ ဦးညွန့်အောင်က ပြောပါတယ်။

“တရားမ၀င်ကုန်သွယ်မှုတွေ တရားဝင်လမ်းကြောင်းပေါ် ရောက်လာတာနဲ့ ကုန်သွယ်မှုက တက်သွားမှာပါ။ နဂိုကတည်းက ဒီကုန်သွယ်မှုတွေက ရှိပြီးသား၊ စာရင်းမ၀င်တာပါ။ မြေပြင်မှာ သူ့ဟာနဲ့သူ သွားနေကြတာပေါ့။ အဲဒါကို တရားဝင်လမ်းကြောင်းပေါ် တက်လာဖို့ ၀ိုင်းပြီး လမ်းကြောင်းပေါ် ဆွဲတင်တဲ့သဘောပါ။”

နယ်စပ်တွေနဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးလှုပ်ရှားအဖွဲ့ (mobile team) က  အကောက်ခွန်မဲ့ ကုန်စည်တွေ ၀င်ရောက်မှု မရှိအောင် တားဆီးစစ်ဆေးမှုတွေ ဆောင်ရွက်နေတာကြောင့် တရားဝင် ကုန်သွယ်မှုပမာဏ တိုးလာတာလည်း ဖြစ်ပါတယ်။

အခုနှစ်မှာ ကုန်သွယ်မှုပမာဏ တိုးတက်လာမှုနဲ့ အတူ ဖမ်းဆီးရမိတဲ့ပမာဏကလဲ နိုဝင်ဘာလ၀က်အထိ ကျပ်သန်းပေါင်း ၇ ဒဿမ ၈၅၀ ဘီလီယံကျော်ရှိပြီး  အမှုတွဲပေါင်း ၂၃၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013