
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ရွာက ဒေသခံပြည်သူ ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီရွာက အငြိမ်းစားစစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ ကိုဇော်မင်းထက်နဲ့ ဦးလေးတော်စပ်သူ ဦးဖိုးကျော်တို့ကို ဒီနေ့ မနက် ၂ နာရီလောက်က အကြမ်းဖက် စစ်ကောင်စီအဖွဲ့တွေ လာဖမ်းသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ပွင့်ဖြူမြို့နယ်ထဲက ဒလန်တွေရဲ့ လက်နက်လုပ်တယ်ဆိုပြီး သတင်းပေးချက်ကြောင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ ဆက်တိုက်ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ အစစအရာရာ သတိထားဖို့လိုတယ်လို့ ဆိုပါတယ်။