မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာအပြင်ဘက် ကျိုက်မင်းမလော့ဘက်သွားလမ်းတဲ့ လမ်းနေရာမှာ ဇွန် ၂၄ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က အမျိုးသား ၁ ဦးနဲ့ သေနတ်ပစ် ခတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
သေနတ်ပစ်ခံရတဲ့သူမှာ အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး မျက်နှာ၊ ပါး နဲ့ နောက်ကျောမှာ ထိခိုက်ဒဏ်ရာရရှိကာ ရေးမြို့ ပြည်သူ့ဆေးရုံကနေ မော်လမြိုင် ပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ် ရရှိထားတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အခုလို သေနတ်ကိုင်ပြီး ပစ်ခတ်မှုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေးမြို့ ပေါ်ရပ်ကွက် အလက (၂) စာသင်ကျောင်းရှေ့မှာ ပစ်ခတ်ခဲ့လို့ အမျိုးသား (၁) ဦး သေဆုံပြီး (၁) ဦး သေနတ်ဒဏ်ရာရှိခဲ့ပါတယ်။
အခုလို ပညာရေး ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေမှာ ဗုံးခွဲတာတွေ သေနတ်နဲ့ ပတ်ခတ်တာတွေကို ရှုတ်ချပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အနေနဲ့ လုပ်မယ်လို့ မမြင်တဲ့အပြင် ရေးမြို့ PDF ဆိုပြီးလည်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ ရေးမြို့နယ် ကျောင်းသားများသမဂ္ဂက ပြောဆိုထားပါတယ်။
ညကတည်းက ရေးမြို့နယ်အတွင်း စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက လုံခြုံရေး အင်အားအလုံးအရင်းနဲ့ စာသင်ကျောင်းနဲ့ မြို့တွင်းနေရာအနှံ့ လှည့်ကင်းလည်ပတ်နေပါတယ်။