Home
သတင်းတို
ဆီိးဂိမ်းအမီ နေပြည်တော်တွင် ၂ ရက်အတွင်း ဟိုတယ် ၁၁ လုံးဖွင့်
DVB
·
November 28, 2013
ဆီးဂိမ်းလာတဲ့ အားကစားသမားနဲ့ ဧည့်သည်တွေ တည်းခိုနိုင်ရေးအတွက် နေပြည်တော် ဟိုတယ်ဇုန်တွမှာ နိုဝင်ဘာ ၂၆ ရက်နေ့က ဟိုတယ်အသစ် ၆ လုံး၊ ၂၇ ရက်နေ့က ဟိုတယ် ၅ လုံး စုစုပေါင်း ဟိုတယ် ၁၁ လုံးကို ဖွင့်လှစ်ခဲ့ကြပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ ဖွင့်တဲ့ ဟိုတယ်တွေကတော့ ဒက္ခိဏ သီရိဟိုတယ်ဇုန်က မြနန်းယံဟိုတယ်၊ ACE ဟိုတယ်၊ သူရဇ္ဇဟိုတယ်နဲ့ ဥတ္တရသီရိ ဟိုတယ်ဇုန်က Jade Royal ဟိုတယ်၊ အေးချမ်းသာ ဟိုတယ်နဲ့ ပုလဲသီရိ ဟိုတယ်တွေဖြစ်ပါတယ်။ [caption id="attachment_47186" align="alignleft" width="300"] နေပြည်တော်မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ Excel Capital ဟိုတယ်အား တွေ့မြင်ရစဉ်
နေပြည်တော်မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ Excel Capital ဟိုတယ်အား တွေ့မြင်ရစဉ်[/caption] အကြီးဆုံး ဟိုတယ်ဟာ အခန်း ၁၅၄ ခန်းပါပြီး အငယ်ဆုံးကတော့ အခန်း ၂၅ ခန်း ပါဝင်ပါတယ်။ တရက်တည်း ဖွင့်လှစ်လိုက်တဲ့ ဟိုတယ် ၆ လုံးထဲမှာ အခန်းစုစုပေါင်း ၄၄၅ ခန်း ပါဝင်ပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ Excel Capital ဟိုတယ်၊ မန်းမြန်မာ ဟိုတယ်၊ နယူးဧရာ ဟိုတယ်၊ Jade City ဟိုတယ်၊ မင်္ဂလာသီရိဟိုတယ် စုစုပေါင်း ၅ လုံး ဖွင့်လှစ်ခဲ့ပါတယ်။ ဆီးဂိမ်းအတွက် လာမယ့် အားကစားသမားနဲ့ ဧည့်သည်တွေအတွက် ဟိုတယ်အခန်းတွေ လုံလုံလောက်လောက် ရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024