အဆိုတော် ရေမွန်၏ ဈာပန ကျင်းပ

အဆိုတော် ရေမွန်ရဲ့ ဈာပနအခမ်းအနားကိ မေ ၂၅ ရက်နေ့က KNU တပ်မဟာ ၆ ဘဲဟိကလော် ကျေးရွာသုဿန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကရင် လက်နက်ကိုင် ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံကာ စစ်အာဏာရှင် စနစ်ပျက်သုန်းရေးအတွက် နိုင်ငံရေး/စစ်ရေး အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အသက် ၃၃ အရွယ် လူငယ်အဆိုတော် ရေမွန် ခေါ် တွတ်ပီဟာ ဇွန်လ ၂၃ ရက် က အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ 

ရေမွန်ရဲ့နာရေးမှာ ဒေသတွင်း တေးချစ်သူ ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတော်လှန်ရေး ရဲဘော်ရဲဘက်တွေ စုစုပေါင်း ၂၀၀ နီးပါး လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

More News
Up