DVB Logo
Home
Lead Story
ဥရောပ အာရှ ကုန်စည်ပြပွဲကြီး ကျင်းပမည်
DVB
·
November 28, 2013
ဥရောပ အာရှ ကုန်စည်ပြပွဲကြီး ကျင်းပမည်
Donate to DVB

မြန်မာနိုင်ငံမှာ ပထမ ဦးဆုံးအနေနဲ့ ဥရောပ၊ အာရှနိုင်ငံပေါင်း ၂၀ က လုပ်ငန်းပေါင်း ၂၀၀ ကျော် ပါဝင်တဲ့ ကုန်စည်ပြပွဲကြီးတခုကို လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့ကျရင် ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ကျင်းပမယ်လို့ ပွဲကျင်းပမယ့်အဖွဲ့က ထုတ်ပြန်ကြေညာ ထားပါတယ်။

[caption id="attachment_47180" align="alignleft" width="300"] ဥရောပ အာရွ ကုန္စည်ျပပြဲ ကြော်ျငာ
ဥရောပ အာရွ ကုန္စည်ျပပြဲ ကြော်ျငာ[/caption]

Agrilivestock Myanmar 13 လို့ နာမည်ပေးထားတဲ့ ဒီ ပြပွဲကြီးကို ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန်နဲ့ အီတလီ စတဲ့ဥရောပ အမေရိကန် နိုင်ငံတွေနဲ့ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ကိုရီးယားနဲ့ ဂျပန် စတဲ့ အာရှနိုင်ငံတွေ စုပေါင်းပါဝင် ပြသကြမှာ ဖြစ်ပါတယ်။

အဓိကအားဖြင့် မွေးမြူရေးနဲ့ ရေလုပ်ငန်းဆိုင်ရာ ကုန်စည်တွေ ၀န်ဆောင်မှုဆိုင်ရာတွေကို ပြသကြမှာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွေလည်း ပါဝင်မယ်လို့ ကြေငြာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013