စစ်ကိုင်းမြို့အမှတ် ၆ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၉ ဦးကို စစ်ကောင်စီက ဇွန် ၂၄ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းကို အာဏာသိမ်းပြီး ၉ ရက်နေ့က စစ်ကိုင်းမြို့ နေအိမ်မှာ သဘာဝဘေးစီမံပုဒ်မ၂၅/၃၀(က) ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ဒီနောက် ရွှေဘိုအကျဉ်းထောင်တရားရုံးမှာ ဇွန် ၂၄ ရက်နေ့က အလုပ်အကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းမြို့က ဖမ်းဆီးထားတဲ့ အခြား ၈ ဦးကိုလည်း ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တယ်လို့ စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
“အရှင်ဂန္ဓမာ၊ ဦးကျော်သောင်း၊ ကိုအောင်မြတ်မင်း၊ ဦးမြင့်ဆွေ၊ ဦးသီဟသူ၊ ကိုဇော်မြင့်ထွန်း၊ ဦးကျော်လင်းဦး၊ ဇော်ဇော်(ခ)မော်င်ဇော် ၈ ဦးပဲ နာမည်သိတယ်၊ ကျန် တစ်ယောက်နာမည်မသိဘူး။”