DVB Logo
Home
မြန်မာသတင်း
Bo Ye Htutနောက်ဆုံးကျန်ရှိသည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် ကွယ်လွန်
DVB
·
November 28, 2013
Bo Ye Htutနောက်ဆုံးကျန်ရှိသည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် ကွယ်လွန်
1 / 3
Donate to DVB

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ မြန်မာ့တပ်မတော် စတင်ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့   ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ္ဋ်ဟာ အသက် ၉၂ နှစ် အရွယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ရဲဘော်သုံးကျိပ်ထဲက  နောက်ဆုံးလက်ကျန် ဗိုလ်ရဲထွဋ္ဋ်ဟာ နိုဝင်ဘာလ ၂၇ ရက် အမျိုးသားအောင်ပွဲနေ့ ည ၉ နာရီ ၂၀ မိနစ်ခန့်အချိန်က  ရန်ကုန်မြို့  သုခကမ္ဘာ အထူးကုဆေးခန်းမှာ  တက်ရောက်ဆေးကုသမှုခံယူရင်း  ကွယ်လွန်သွားခဲ့တာလို့ သူ့ရဲ့ မိသားစုက ပြောပါတယ်။

Bo Ye Htutဗိုလ်ရဲထွဋ္ဋ်ရဲ့ သားကြီးဖြစ်သူ ဦးကျော်ကျော်က “လူကြီးရောဂါနဲ့ နေမကောင်းဘူး။ ဘာမှကို လှုပ်ကို မလှုပ်နိုင်ဘူး။ နောက်ဆုံး ၁၀ ရက်လောက်က မျက်လုံးတောင် မဖွင့်နိုင်ဘူး။ ကျန်းမာရေးက တော်တော့ကို ဆိုးရွားသွားတယ်။ ရဲဘော်သုံးကျိပ်ထဲက နောက်ဆုံးကျန်ခဲ့တဲ့ တယောက်ပဲ” လို့ ပြောပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ဖို့ ဂျပန်နိုင်ငံကို စစ်ပညာသွားရောက် သင်ယူခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေထဲမှာ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနဲ့ ဗိုလ်ရဲထွဋ်တို့ ၂ ဦး နောက်ဆုံး ကျန်ရှိရာမှာ  ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တရုတ်နိုင်ငံမှာ ကွယ်လွန်သွားပြီး ခု နောက်ဆုံး ဗိုလ်ရဲထွဋ်လည်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ရဲထွဋ္ဋ် ကွယ်လွန်သွားတဲ့အပေါ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက
“ဟိုတုန်းက ရဲဘော်သုံးကျိပ်အနေနဲ့ ကန်တော်ကလေးမှာ နေတယ်။ ကန်တော်ကလေးက သခင်ချစ် ကနေ ဂျပန်ကို ထည့်ပြီး လွှတ်ပေးလိုက်တာ။  ဂျပန်မှာ စစ်ပညာသင်ပြီး ပြန်လာကြတာပေါ့။ ဒီဘက်ခေတ်မှာ ဘာမှ သိပ်ပြီးတော့ လုပ်တာ မရှိပါဘူး။ နိုင်ငံအတွက် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တယောက် ဆုံးရှုံးမှုတခုလို့ပဲ ယူဆပါတယ်။”

ဗိုလ်ရဲထွဋ္ဋ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ်ရှိပြီရှိပြီး  သားနှစ်ဦးဖြစ်တဲ့ ဦးကျော်ကျော်နဲ့ ဦးအောင်အောင်တို့ ကျန်ရစ်ခဲ့ပါတယ်။ ဗိုလ်ရဲထွဋ္ဋ်ရဲ့ ရုပ်ကလပ်ကို နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ရေဝေးသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013